Vote for Change

Application Type : Web

Developed By Isora

Description

ကျွန်တော်တို့ Website ကိုကြည့်ပြီးရင် သင်ဘာတွေသိသွားမှာလဲ ?

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမည့် ပြည်သူတစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အချက်အလက်တွေအားလုံး ပါဝင်တယ်

အခြေခံ လုပ်ဆောင်ချက်တွေက ဒါတွေရှိတယ် :

- သင့်နာမည် မဲစာရင်းမှာ ပါမပါ Internet ရှိရုံနဲ့ စစ်ဆေးလို့ရတယ်
- ဘယ်ပါတီတွေ ဝင်ပြိုင်ကြမလဲ၊ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေ သိရမယ်
- မဲဆန္ဒနယ်ပေါင်းစုံက ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ သိရမယ်
- အဝေးရောက်နေသူတွေ ကြိုတင်ဆန္ဒမဲ​ပေးချင်ရင် ဘယ်လိုလုပ်ရမလဲ
- မဲစာရင်းမှာ အချက်အလက်မှားလို့ မပါလို့ ပြင်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ
- မဲပေးမည့်နေ့မှာ ဘာတွေလိုက်နာရမလဲ၊ မဲဘယ်လိုပေးမလဲ
- ပယ်မဲမဖြစ်အောင် ဘယ်လို တံဆိပ်တုံးနှိပ်ကြမလဲ
- မဲပေးရမည့် လွှတ်တော်တွေရဲ့အကြောင်းတွေ၊ ဖွဲ့စည်းပုံတွေ
- သမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်မှာလဲ စတာတွေ သိသွားမယ်

ထူးခြားတဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ ဒါတွေပါတယ် :

- Facebook က ရွေးကောက်ပွဲသီးသန့် သတင်းတွေကို လှမ်းဖတ်လို့ရတယ်
- ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းနှစ်ယောက်ကို နှိုင်းယှဉ်ပြီး ကြည့်လို့ရတယ်
- သင့်စိတ်ကြိုက် ပါတီကို မဲပေးလို့ရတယ်၊ ဘယ်ပါတီတွေ ရေပန်းစားနေလဲ သိနိုင်မယ်
- မဲလက်မှတ်အစစ်ပေါ်မှာ သင်ကိုယ်တိုင် တံဆိပ်တုံးနှိပ်ကြည့်လို့ရတဲ့ ဂိမ်းပါတယ်

ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ Report ပေါင်းစုံနဲ့ ရွေးကောက်ခံရတဲ့ အမတ်တွေရဲ့ အချက်အလက်တွေကြည့်လို့ရပါတယ် (New feature after election!) -

(၁) ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို တိုင်း/ပြည်နယ်အလိုက် စုစည်းဖော်ပြထားတယ်
(၂) ကိုယ်စားလှယ်နာမည်တွေကို Click ထောက်ပြီး အချက်အလက်တွေကြည့်လို့ရပါတယ်
(၃) တိုင်း/ပြည်နယ်အလိုက် ပါတီတွေရဲ့ အနိုင်ရတဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ ရာခိုင်နှုန်း
(၄) လွှတ်တော်အလိုက် ပါတီတွေရဲ့ အနိုင်ရတဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ ရာခိုင်နှုန်း
(၅) တစ်ပြည်လုံးမှာ ပါတီအလိုက်အနိုင်ရတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ ရာခိုင်နှုန်း
(၆) စိတ်ကြိုက်ပါတီနှစ်ခုရဲ့ အနိုင်ရတဲ့အချိုးအစားကို နှိုင်းယှဉ်ကြည့်ရှုတာ စသည်

Website ကြည့်နေတုန်းမှာ သင်စိတ်ကျေနပ်အောင် ဒီလိုလုပ်ပေးထားတယ် :

- Responsive ဖြစ်လို့ desktop, laptop, phone, tablet ဘယ်မှာပဲကြည့်ကြည့် အဆင်ပြေတယ်
- Page loading အမြန်ဆုံးနဲ့ Bandwidth ကုန်တာ အသက်သာဆုံး ဖြစ်အောင် စဉ်းစားပေးထားတယ်

ပြီးတော့ အခုပြောထားတဲ့ အချက်တွေအကုန်လုံး Website ထဲမှာ တကယ်သုံးလို့ရပါတယ် !!!