MaePaySoh FAQ

  1. Q. What is MaePaySoh?

    MaePaySoh (“Let’s Vote!”) is an initiative that taps the talent of local Myanmar developers to help voters access essential information for Myanmar’s upcoming general elections.

  2. Q. Why MaePaySoh?

    Myanmar’s general elections will be held on November 8, 2015. What do voters need to know about electoral processes, political parties, and candidates? Knowledge and awareness of the electoral process, the political parties, and the candidates is fundamental to ensure informed civic participation.

    Recent survey research suggests that voter and civic education remain crucial needs. Seventy-six percent of the public does not know that Myanmar’s parliamentary bodies make laws. Only 12% of the public know that the president is elected by the Union Parliament. Eligible voters also report feeling substantially uninformed about many aspects relating to the upcoming elections, including the mechanics of voting: from how the mark the ballot to where and when to vote. Respondents reported feeling least informed about participating political parties and legislative candidates.

  3. Q. How will MaePaySoh benefit voters?

    The MaePaySoh initiative aims to provide non-partisan voter information that voters can use to understand the electoral process and make informed choices. MaePaySoh will do so through a range of mobile and web applications powered by the MaePaySoh API, providing voters access to essential information about elections processes, the political parties, and the candidates.

  4. Q. What is the MaePaySoh API?

    The MaePaySoh Application Programming Interface (API) makes it possible for developers to easily access a public and open source database that contains data sets relevant to Myanmar’s upcoming general elections, and to design and build mobile and web apps, or other digital tools, to help voters access essential elections information.

  5. Q. What kind of information will be available through the MaePaySoh API?

    Working together with the Union Election Commission (UEC) of Myanmar, and local civil society organizations Charity Oriented Myanmar (COM) and the Open Myanmar Initiative (OMI), we are compiling a public database of information about the 6000+ candidates for national and state/region parliamentary seats, the 93 political parties contesting the elections, and answers to voters’ frequently asked questions about the functions of government institutions, electoral processes, and how to vote.

  6. Q. How will apps be disseminated to voters?

    Mobile and web applications developed using the MaePaySoh API will be showcased at MaePaySoh.org and available for download on the GooglePlay store. Winning apps will be promoted through social media platforms like Facebook, and used by civil society organizations involved in voter education efforts.

  7. Q. How will MaePaySoh benefit developers?

    The MaePaySoh initiative supports local Myanmar developers by providing them with the tools that they need to build compelling, and valuable web services, SMS tools, and Android mobile apps that voters can use to learn more about the 2015 election. Together with local developer communities Phandeeyar, GDG Yangon, and Geek Girls, MaePaySoh delivered a series of technical trainings on topics relating to the development of API-driven applications: MaePaySoh API Design Sprint, Node.Js Tutorial, Building Android Apps with Web Tech, and Facebook Developers Tools.

    The MaePaySoh Hack Challenge will provide a unique platform for local developers to showcase their talent while contributing to public access to elections information.

  8. Q. Who is MaePaySoh?

    The MaePaySoh initiative is made possible through the support and collaboration of a number of organizations, institutions, and individuals, including the Union Election Commission of Myanmar (UEC), Charity Oriented Myanmar (COM), Open Myanmar Initiative (OMI), Phandeeyar, Google Developer Group, Myanmar Geek Girls, and The Asia Foundation. The MaePaySoh API was built by Myanmar companies Hexcores and Zwenexsys.

  9. Q. Who is funding MaePaySoh?

    The MaePaySoh initiative is funded by the Australian Department of Foreign Affairs and Trade and The Asia Foundation.

မဲပေးစို့အကြောင်း မကြာခဏမေးလေ့ရှိသော မေးခွန်းနှင့်အဖြေများ

  1. မေး - မဲပေးစို့ (MaePaySoh) ဆိုတာဘာလဲ?

    မဲပေးစို့(“Let’sVote!”)သည် မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲများ အတွက် လိုအပ်သောသတင်းအချက်အလက်များကို မဲဆန္ဒရှင်များရရှိနိုင်ရန်အတွက် ဒေသခံမြန်မာ developer များကအကူအညီပေးနိုင်ရန် အစပျိုးနေသည့် ကနဦးခြေလှမ်းတစ်ရပ် ဖြစ်သည်။

  2. မေး - ဘာလိုကြောင့် မဲပေးစို့ ဖြစ်လာသလဲ?

    မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ တော့မည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ နိုင်ငံရေးပါတီများအကြောင်း၊ ကိုယ်စားလှယ်လောင်းများအကြောင်းကိုမည်မျှသိရှိထားပါသနည်း?ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအကြောင်း အသိပညာပေးခြင်းနှင့် သိရှိနားလည်မှုသည် နိုင်ငံသားများ ပါဝင်မှုသေချာစေရန်အတွက်အခြေခံကျလှပါသည်။ မကြာသေးမီကထုတ်ဝေခဲ့သောစစ်တမ်းများအရ မဲဆန္ဒရှင်များနှင့် နိုင်ငံသားအခွင့်အရေးများ အကြောင်းပညာပေးခြင်း(ပြည်သူ့နီတိ)သည် အရေးပါသော လိုအပ်ချက်များအဖြစ်ဆက်လက်တည်ရှိနေသည်။ လူထု၏ ၇၆%သည် မြန်မာနိုင်ငံတွင် လွှတ်တော်များမှ ဥပဒေများပြဌာန်းသည်ကိုမသိရှိကြပေ။ လူထု၏ ၁၂% သည်သာ သမ္မတကို ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ကြောင်း သိရှိကြသည်။ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များသည်လာမည့်ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအများအပြားဖြစ်သည့် မည်သည့်နေရာတွင်မည်သို့ မဲပေးရမည်ကို မသိရှိကြဟု ဆိုကြသည်။ဖြေဆိုသူများသည် ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီ များနှင့်ဥပဒေပြုရွေးကောက်ခံ ကိုယ်စားလှယ်များ အကြောင်းကို သိရှိမှုအနည်းဆုံး ဟု ဖြေဆိုကြသည်။

  3. မေး - မဲပေးစို့သည် မဲဆန္ဒရှင်များကို ဘယ်လိုအကျိုးပြုမလဲ?

    မဲပေးစို့၏ကနဦးအစပျိုးခြေလှမ်းသည် မဲဆန္ဒရှင်များအား ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကြောင်းကိုပိုမိုနားလည်လာပြီးရွေးချယ်မှုများပြုလုပ်နိုင်ရန် ဘက်လိုက်မှုမရှိသည့် သတင်းအချက်အလက်များ ပေးအပ်သွားရန် ရည်ရွယ်သည်။ MaePaySoh API မှ အထောက်အပံ့ပေးထားသည့် mobile နှင့် web applicationများကိုအသုံးပြု၍ အရေးကြီးသည့်သတင်းအချက်အလက်များဖြစ်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအကြောင်းကိုမဲဆန္ဒရှင်များထံ ပေးပို့သွား မည်ဖြစ်သည်။

  4. မေး - MaePaySoh API ဆိုတာဘာလဲ?

    MaePaySoh Application Programming Interface (API)သည် developer များအား အများပြည်သူနှင့်ဆိုင်သော အများပြည်သူအသုံးပြုနိုင်သော open source databse ကို အလွယ်တကူ access လုပ်နိုင်ပြီး မဲဆန္ဒရှင်များထံသို့ အရေးကြီးသည့် သတင်းအချက်အလက်များကို ပေးပို့ရန် mobile နှင့် web application များ၊ ဝက်ဘ်ဆိုက်များ (သို့) အခြားသော ဒစ်ဂျစ်တယ် ပစ္စည်းများကိုဒီဇိုင်းရေးဆွဲကာ တည်ဆောက်ရန်လုပ်ဆောင်ပေးသည်။ ဤ database၌ မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်သည်။

  5. မေး - MaePaySoh API မှာ ဘယ်လိုသတင်းအချက်အလက်တွေ ရနိုင်မလဲ?

    မြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၊ အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော ဒါန-ရှေ့ဆောင်မြန်မာ (Charity-Oriented Myanmar) နှင့် Open Myanmar Initiative (OMI) တို့နှင့် အတူ တကွပူးပေါင်းလုပ်ဆောင်ပြီး ပြည်ထောင်စုအဆင့်အပါအဝင် ပြည်နယ်နှင့်တိုင်းလွှတ်တော်နေရာများအတွက် ရွေးကောက်ခံကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ခန့်၏အချက်အလက်များ၊ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီများ၊အစိုးရအင်စတီကျူးရှင်းများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်များနှင့် မည်သို့မဲပေးရမည်စသည်တို့ပါဝင်သည့် မဲဆန္ဒရှင်များမကြာခဏမေးတတ်သည့် မေးခွန်း များနှင့်အဖြေများ(Frequently Asked Questions)ကို အများပြည်သူaccessလုပ်နိုင်သော ဤdatabaseတွင် ပေါင်းစည်းထည့် ထားပါသည်။

  6. မေး - app များကို မဲပေးသူများထံရောက်အောင် ဘယ်လိုလုပ်မလဲ?

    MaePaySoh API ကို အသုံးပြုပြီး ရေးဆွဲခဲ့သည့် mobile နှင့် web application များကို MaePaySoh.org တွင် ပြသထားမည်ဖြစ်ပြီး GooglePlay store မှ ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။ အနိုင်ရ သော app များကို Facebook ကဲ့သို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှ ကြေညာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကလည်း အသုံးပြုသွားမည်ဖြစ်သည်။

  7. မေး - မဲပေးစို့သည် developer များကို ဘယ်လိုအကျိုးပြုမလဲ?

    မဲပေးစို့ ကနဦးခြေလှမ်းသည် ၂၀၁၅ရွေးကောက်ပွဲအကြောင်း မဲပေးသူများ လေ့လာနိုင်မည့် အသုံးဝင်သည့် web ဝန်ဆောင်မှုများ၊ SMS ကိရိယာများနှင့် Android mobile app များကို ဖန်တီးနိုင်ရန် လိုအပ်သည့် tools များကို ဒေသခံမြန်မာ developer များအား ပေးအပ်မည်ဖြစ်သည်။ ပြည်တွင်းအခြေစိုက် developer community များဖြစ်သည့် ဖန်တီးရာ၊ GDG Yangon နှင့် Geek Girls တို့နှင့်အတူမဲပေးစို့မှနေ၍ API applicationများနှင့်သက်ဆိုင်သည့် သင်တန်းများကို သင်ကြားပို့ချခဲ့ပြီးဖြစ်သည်။ ထိုသင်တန်းများမှာ MaePaySoh API Design Sprint, Node.Js Tutorial, Building Android Apps with Web Tech, နှင့် Facebook Developers Tools စသည်တို့ဖြစ်သည်။ မဲပေးစို့ Hack Challenge သည် ဒေသခံမြန်မာdeveloperများ၏ အရည်အချင်းကိုထုတ်ဖော် ပြသနိုင်မည့်ထူးခြားသည့်platformတစ်ခုဖြစ်ပြီး တစ်ဖက်တွင်လည်း ရွေးကောက်ပွဲဆိုင်ရာသတင်းအချက် အလက်များကို လူထုထံရောက်ရှိစေရန်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

  8. မေး - မဲပေးစို့မှာ ဘယ်သူတွေပါလဲ?

    မြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၊ ဒါန-ရှေ့ဆောင်မြန်မာ (Charity- Oriented Myanmar)၊ Open Myanmar Initiative (OMI)၊ ဖန်တီးရာ၊ Google Developer Group၊ Myanmar Greek Girls၊ Myanmar Information Management System (MIMU)၊ the International Foundation for Electoral Systems (IFES) နှင့် The Asia Foundation စသည့် အသင်းအဖွဲ့များ၊ အင်စတီကျူးရှင်းများနှင့် လူပုဂ္ဂိုလ်များ ၏ အထောက်အပံ့နှင့် ပူးပေါင်းမှုကြောင့် မဲပေးစို့ ကနဦးခြေလှမ်း ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ MaePaySoh API ကို မြန်မာကုမ္ပဏီများဖြစ်သော Hexcores နှင့် Zwenexsys တို့က ဖန်တီးထားပါသည်။

  9. မေး - မေးပေးစို့ကို ဘယ်အဖွဲ့အစည်းတွေကငွေထောက်ပံ့ထားသလဲ?

    မဲပေးစို့ ကနဦးခြေလှမ်းကို Australian Department of Foreign Affairs and Trade နှင့် The Asia Foundation ၏ငွေကြေးထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ပါသည်။